ပိန်သောသူတွေ ဝစေ၊ လှစေဖို့
ဝတာက သွေးတိုး၊ဆီးချို၊ နှလုံး နဲ့ ရောဂါမျိုးစုံကို ဖိတ်ခေါ်နေတာမို့ မကောင်းသလို ပိန်လွန်းရင်လည်း ကြည့်မကောင်းပါဘူး။ မီးယပ်ပိန် မီးယပ်ခြောက်ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ မီးယပ်ပိန်မဟုတ်ရင်တောင် ရောဂါအခံတစ်ခုခု ရှိနေတာကြောင့်လည်း ဖြစ်နိုင်လို့ မပေါ့ဆဘဲ စစ်ဆေးကြည့်သင့်ပါတယ်။
ပိန်လွန်းရင်...
- စားတဲ့အစားအစာတွေကနေ လုံလောက်တဲ့ အာဟာရမရလို့ အာဟာရဓာတ်ချို့တဲ့ပြီး ရောဂါတွေရတာ (ဥပမာ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းတာ၊ ပိုတက်ဆီယမ် ချို့တဲ့လို့ ခြေထောက်တွေလက်တွေ အားပျော့ပြီး မလှုပ်နိုင်တာ)
- ကိုယ်ခံအားကျစေလို့ အအေးမိနှာစေး တုပ်ကွေးခဏခဏဖြစ်တာ၊ ရောဂါပိုးဝင်လွယ်တာ
- မျိုးမအောင်တာ၊ ကလေးမရတာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလုပ်ရမလဲ?
- ကယ်လိုရီနဲ့ အဆီအများကြီးပါတဲ့အစာတွေ၊ ဆားနဲ့သကြားအများကြီးပါတဲ့ အစာတွေ (ဥပမာ အချိုရည်တွေ၊ ဆီကြော်တွေ၊ ချိစ်နဲ့ ကိတ်တွေ) စားပြီး ဝိတ်တက်အောင် လုပ်ခြင်းမှ ရှောင်ပါ။
- အစာကို ပုံမှန်စားပါ။ တစ်နေ့ကို ၅ ကြိမ်လောက် စားပေးပါ။
- ဆန်၊ဂျုံ၊ ပေါင်မုန့်၊ အုတ်ဂျုံ၊ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥတွေ များများစားပါ။
- နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားပါ၊ လိုချင်တဲ့ အလေးချိန်မရောက်ခင်အထိ အဆီပြည့်နို့တွေ သောက်လိုရပါတယ်။ ဒိန်ချဥ်နဲ့ ပဲနို့လည်း သောက်ပါ။ ကိုယ်ခံအားကောင်းမွန်လာမှာဖြစ်တဲ့အပြင် ဝိတ်လည်း တက်လာပါလိမ့်မယ်။
- အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးကလည်း အာဟာရဖြစ်ပြီး ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေ ကြွယ်ဝလို့ များများစားပါ။
- ဆီစားတဲ့အခါ နေကြာဆီ၊ ပဲပိစပ်ဆီလို ကျန်းမာရေးနဲ့ညီတဲ့ မပြည့်ဝဆီတွေ ရွေးချယ်ပါ။
- အရည်များများသောက်ပါ။ ရေ၊ သစ်သီးဖျော်ရည် ကြိုက်ရာသောက်လို့ ရပါတယ်။ တစ်နေ့ကို ၈ခွက် သို့မဟုတ် ၃ လီတာအနည်းဆုံး သောက်ပါ။
- လေ့ကျင့်ခန်းလုပ်ပါ။ ကြွက်သားတည်ဆောက်ပြီး ဝိတ်တက်အောင် ကျင့်ရတဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ ကျန်းမာပြီး ခန္ဓာကိုယ်ကျစ်လစ်သန်မာအောင် နားလည်သူနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ပါ။